Pages

Tuesday, January 10, 2017

Why need Active Directory?

Active Directory

Q: ဘာကြောင့် ငါတို့ ရုံးမှာ Server တည်ဆောက်ဖို့ လိုအပ်တာလဲ၊ Active Directory လိုအပ်တာလဲ။
A: ရုံးတွေရဲ့ Computer တွေ၊ အဖွဲ့ အစည်းတွေရဲ့ Computer တွေမှာ သုံးနေတဲ့ Data တွေ၊ Information တွေ၊ User တွေကို ထိန်းချုပ်ချင်တယ်ဆိုရင် Active Directory Server တည်ဆောက်သင့်ပါတယ်။ ရုံးရဲ့ Security လည်း ပိုပြီး ကောင်းသွားပါတယ်။
Active Directory ကို ပိုပြီး နားလည်အောင် အောက်မှာ ရှင်းပြထားပါတယ်။

“Active Directory ဆိုတာ Microsoft Windows Operating System အတွက် Directory Service
တစ်ခုပဲဖြစ်တယ်။ Active Directory မှာ Database နှင့် Service ဆိုပြီးတော့ နှစ်မျိုးရှိပါတယ်။ Active Directory
ဆိုတာက Network မှာရှိသော Resource တွေအတွက် Information အချက်အလက်တွေကို စုစည်ထားသော
Database တစ်ခုဖြစ်တယ်။ Network မှာရှိသော Resource တွေဆိုတာက Network မှာရှိသော Computer တို့၊ User
တို့၊ Folder တွေ၊ Printer တွေ Share ပေးတာတို့ စသဖြင့်ကိုခေါ်တာဖြစ်တယ်။ နောက်ပြီးတော့ Active Directory ဆိုတာ
Service တစ်ခုလည်းဖြစ်တယ်။ အဲ့ဒီ Information အချက်အလက်တွေကိုပဲ Network မှာရှိသော User တွေနှင့်
Application တွေကို အသုံးပြုနိုင်ဖို့အတွက် ပြုလုပ်ပေးခြင်းကို Service လို့ခေါ်တာဖြစ်တယ်။ ဒီတော့ Active Directory
ဆိုတာက Network မှာ Database လို့လည်းခေါ်သလို Service လို့လည်းခေါ်နိုင်တယ်။ Active Directory ဟာ
Enterprise-Level Directory Service တစ်ခုအတွက် လိုအပ်သော အခြေခံကျသော Basic Feature တွေကို
ပံ့ပိုးပေးပါတယ်။ ဘာတွေပံ့ပိုးပေးတာလဲဆိုတော့ Extensible Information Source အရေးပါသော
သတင်းအချက်အလက်တွေ၊ Naming Conventions For Directory Object ဆိုတဲ့ Network မှာရှိသော Directory
Objects တွေအတွက် နာမည်တွေသတ်မှတ်ပေးခြင်း၊ Policies တွေသတ်မှတ်ခြင်း၊ နောက်ပြီး Administering
လုပ်ရန်အတွက် Tools တွေသတ်မှတ်ပေးခြင်းတို့ပဲဖြစ်တယ်။  Network ကွန်ယက်တစ်ခုအတွင်းမှာရှိသော Resources
တွေကို User တွေ၊ Application ကယူပြီးတော့အသုံးပြုမှုကို ထိန်းချုပ်ပေးဖို့အတွက် Administrator ကနေမှ Active
Directory ကို သတ်မှတ်ပေးရမှာဖြစ်တယ်။
Active Directory မှာ Basic Element အခြေခံကျသော အချက်က Object ပဲဖြစ်တယ်။ ဒီနေရာမှာ Object ဆိုတာက
Network ကွန်ယက်မှာရှိသော User တစ်ယောက်လည်းဖြစ်နိုင်သလို၊ Computer တစ်လုံးလည်းဖြစ်နိုင်တယ်။ Printer
တစ်လုံးလည်းဖြစ်နိုင်တယ်။ Application တွေ၊ File တွေ၊ ဒါမမဟုတ် Network မှာရှိသော တစ်ခြား Resources
တွေလည်းဖြစ်နိုင်ပါတယ်။ ဒါတွေကို ခြုံပြီးတော့ Object လို့ခေါ်တာဖြစ်တယ်။ ဒီ Active Directory Object တွေဟာ
Attributes တွေကို သတ်မှတ်ပေးတယ်။ Attributes တွေဆိုတာက ၄င်း Objects တွေနဲ့အတူပါလာသော Properties
ပိုင်ဆိုင်မှုတွေဖြစ်တယ်။ ဥပမာပြောရရင်-Network ကွန်ယက်မှာရှိသော တစ်ချို့ User တွေကဆိုရင် သူတို့ရဲ့ Attributes
တွေက ဘာတွေလဲဆိုတော့ First Name, Last Name, E-mail Address, နှင့် Phone Number စသဖြင့်ဖြစ်လိမ့်မယ်။
တစ်ချို့ User တွေကျတော့ ၄င်းတို့ရဲ့ Attributes တွေက Mandatory Values တွေဖြစ်ကြတယ်။ တစ်ချို့တွေကတော့
ဘာမှကိုမသတ်မှတ်ကြပြန်ဘူး။ နောက်ပြီး Printer တစ်လုံးရဲ့ Attributes တွေဆိုတာက အဲ့ဒီ Printer ရှိနေသောနေရာ၊
Printer ရဲ့ Asset Number ၊ နောက် Printer အမျိုးအစား စသည်တို့ဖြစ်ကြတယ်။
Active Directory Object မှာ အဓိကကျသော အမျိုးအစားတစ်ခုကတော့ OU လို့ခေါ်တဲ့ Organization Unit
ပဲဖြစ်တယ်။ OU ဆိုတာဟာလည်း Object တစ်မျိုးပါပဲ။ OU မှာကျတော့ တစ်ခြား Objects တွေရှိသေးတယ်။ အဲ့ဒီ OU
လို့ခေါ်တဲ့ Organization Unit မှာ User တို့လို၊ Application တို့လို Specific သတ်မှတ်ထားသော Object
တစ်ခုလည်းရှိနိုင်သလို၊ နောက်ထပ်တစ်ခြား OU တစ်ခုလည်းရှိနိုင်ပါတယ်။  အဲ့ဒီ OU မှာပဲ User Permission
တွေကိုသတ်မှတ်ပေးနိုင်တယ်။
Domain တွေမှာ Organization Unit တွေရှိကြတယ်။ အဲ့ဒီ OU တွေဟာ Domain မှာရှိသော Active Directory
အတွက် အခြေခံကျသော Basic Security လည်းဖြစ်သလို၊ Organizational Structure ပုံစံတစ်ခုလည်းဖြစ်တယ်။ Active
Directory မှာရှိသော Object တိုင်းဟာ ဒီ Domain တစ်ခုနှင့်ဆက်စပ်သက်ဆိုင်နေရမယ်။ Domain တွေဟာ သင့်ရဲ့
Enterprise လုပ်ငန်းအတွက်  အမြဲတမ်း Organizational Structure ဖွဲ့စည်းပုံတစ်ခုဖြစ်နေမှာဖြစ်သလို၊
သင့်ရဲ့လုပ်ငန်းအတွက် လုံခြုံရေးဆိုင်ရာ Security Boundary တစ်ခုအဖြစ်လည်း ဆောင်ရွက်ပေးနေမှာဖြစ်တယ်။ ဒါကြောင့်
သင့်ရဲ့ ကွန်ယက်မှာရှိနေသော Active Directory မှာရှိသော Object တိုင်းမှာ ဒီ Domain
တစ်ခုဆိုတာရှိကိုရှိရမှာဖြစ်တယ်။ ဥပမာပြောရရင်တော့ Domain တစ်ခုမှာ သတ်မှတ်ပေးထားသော၊ ချမှတ်ပေးထားသော
Privileges အခွင့်အရေးလုပ်ပိုင်ခွင့်တွေဟာ နောက်တစ်ခြား Domain တစ်ခုပေါ်မှာ
အလိုအလျောက်သက်ရောက်သွားတာမျိုးမရှိတတ်ပါဘူး။ Domain တစ်ခုထက်ပိုသော Domain
တွေကိုစုပေါင်းလိုက်မယ်ဆိုရင် Domain Tree လို့ခေါ်ပြီးတော့ အဲ့ဒီ Domain Tree တွေတစ်ခုထက်ပိုသွားရင်တော့
Domain Forests ဟုခေါ်ပါတယ်။
Discretionary Access Control List (DACLs) နှင့် System Access Control Lists (SACLs) တိုမှာ Active
Directory Objects တွေကို Protect ကာကွယ်ပေးထားပါတယ်။ ဘာကိုဆိုလိုတာလဲဆိုတော့ ဒီ DACLs နှင့် SACLs
တို့ဟာ Active Directory Object မှာရှိသော Attributes တွေကို ဘယ် User တွေ၊ ဘယ် Application တွေက Access
လုပ်ခွင့်၊ အသုံးပြုခွင့်ရှိတယ်ဆိုတာကို သတ်မှတ်ပေးတာဖြစ်တယ်။ အလားတူပဲ NTFS File System မှာအသုံးပြုသော Access Control List (ACLs) ကိုအသုံးပြုခွင့်ကိုလည်းသတ်မှတ်ပေးတာဖြစ်တယ်။
Directory Objects တွေကိုဆက်သွယ်ရာမှာ ၄င်းတို့ရဲ့ Permission တွေကို Propagate လုပ်ရာမှာ DACLs နှင့် SACLs
တို့ကိုအသုံးပြုနိုင်ပါတယ်။ နောက်ပြီးတော့ DACLs နှင့် SACLs တို့က Active Directory ကို User တွေ၊ Group
တွေကအသုံးပြုနိုင်ဖို့ရန် အသုံးပြုခွင့်တွေကိုလည်းခွင့်ပြုချက်ပေးဖို့ရန်ကို နည်းလမ်းတွေကိုလည်း သတ်မှတ်ပေးပါတယ်။
ဒီတော့ Administrator တွေက Active Directory ကို User တွေ၊ Group တွေကအသုံးပြုနိုင်ဖို့အတွက် DACLs နှင့်
SACLs တို့ကချမှတ်ပေးသော နည်းလမ်းတွေအတိုင်းလုပ်ဆောင်ပေးရပါတယ်။
Active Directory မှာ Rules တွေရှိတယ်။ အဲ့ဒီ Rules တွေက သူ့ရဲ့ Directory  ထဲမှာသိမ်းဆည်းထားသော Objects
တွေကို ထိန်းချုပ်ပေးနိုင်ဖို့အတွက် Rules တွေကိုချမှတ်ထားတာဖြစ်တယ်။ ၄င်းချမှတ်ထားသော Rules တွေကို Schema
လို့ခေါ်ပါတယ်။
Network ကွန်ယက်အတွင်းမှာရှိသော Domain တစ်ခုချင်းစီအတွက် လိုအပ်သော Information
သတင်းအချက်အလက်အကြောင်းအရာတွေကို ဒီ Active Directory မှာ Maintain ထိန်းသိမ်းထားတာဖြစ်တယ်။
ပြောရမယ်ဆိုရင် ကွန်ယက်တစ်ခုမှာရှိသော Domain တစ်ခုချင်းစီအတွက်လိုအပ်သော အချက်အလက်တွေကို Active
Directory မှာရှိနေမှာဖြစ်တယ်။ အဲ့ဒီ Active Directory Database အချက်အလက်တွေကို အဲ့ဒီ ကွန်ယက်မှာရှိသော
Domain Controller ဆိုတဲ့၊ Domain Controller လို့သတ်မှတ်ထားသော ကွန်ပျူတာမှာသိမ်းဆည်းထားတာဖြစ်တယ်။ ဒီ
သတင်းအချက်အလက် Information တွေဟာ Domain Controller တွေရဲ့ကြားထဲမှာ သူ့အလိုအလျောက်
Automatically အရ Replicate ဖြစ်နေမှာဖြစ်တယ်။ Directory ထဲမှာရှိသော Every Portion
အစိတ်အပိုင်းမှန်သမျှဟာလည်း အမြဲတမ်း Up-to-date ဖြစ်နေမှာဖြစ်တယ်။ ပုံမှန်အားဖြင့်တော့ Active Directory ကို
Replicate လုပ်တဲ့အခါမှာ ၅ မိနစ်တစ်ကြိမ်လောက်ကို အမြဲတမ်း Update ဖြစ်တယ်။ အဲ့ဒီ Active Directory
Information တွေကို Automatic အလိုအလျောက် Replicaton  လုပ်တဲ့အခါမှာ သတ်မှတ်ထားသော Domain တစ်ခုရဲ့
Security Boundary အတွင်းမှာပဲ Replication လုပ်တာဖြစ်တယ်။ Domain တစ်ခုအတွင်းမှာရှိသော Domain Controller
တွေဟာ Information အချက်အလက်တွေကို Automatic Replicate လုပ်တဲ့အခါမှာ တစ်ခြား Domain တွေနှင့်
Replicate မလုပ်ပါဘူး။”

No comments:

Post a Comment